အမေးများသောမေးခွန်းများ
JLPT Online Form လျှောက်ထားရန် မှတ်ပုံတင် မတင်မီ
JLPT Online Form လျှောက်လွှာ
ငွေပေးချေနည်း Process
စာမေးပွဲနေ့
စာမေးပွဲဖြေဆိုပြီးနောက်
JLPT Online Form System အသုံပြုနိုင်သည့်Device အမျိုးအစား
ကျေးဇူးပြု၍ ကွန်ပျူတာဖြင့်သာဝင်ရောက်အသုံးပြုပေးပါ။ Smart phone (သို့) mobile phone များတွင်Screen Size မမှန်ကန်မှုများဖြစ်ပေါ်နိုင်ပါသည်။
JLPT Online Form မှတ်ပုံတင်ရန် ဘာတွေလိုအပ်သလဲ?
1.ကိုယ်ပိုင်အီးမေးလ်အကောင့်တစ်ခု
2.လိုင်စင်ဓာတ်ပုံ(3cm x 4 cm)
3.အမည်
4.သက်သေခံကတ်ဓာတ်ပုံ
5.သက်သေခံကတ်နံပါတ်
6.မွေးသက္ကရာဇ်
7.လိပ်စာ၊ဖုန်းနံပါတ်
8.လက်မှတ်ဓာတ်ပုံ
E-mail နဲ့ ပတ်သက်၍ ဘယ်လို သတ်မှတ်ချက်ရှိပါသလဲ?
လျှောက်ထားသူ၏ ကိုယ်ပိုင် Email အကောင့် တစ်ခုရှိရမည်။
E-mail ဖြည့်သွင်းရာတွင် စာလုံး၊ ဂဏန်းများ မကျန်စေရန်၊ E-mail မမှားစေရန်၊ E-mail storage ပြည့်နေခြင်း ရှိ/မရှိ စစ်ဆေးရန် အထူး သတိထားရပါမည်။
** Activation Code Link အား Email မှ တဆင့် ပေးပို့မည်ဖြစ်ပါသောကြောင့် မှန်ကန်ပြည့်စုံသော E-mail ဖြစ်ရန် လိုအပ်ပါသည်။

လိုင်စင်ဓာတ်ပုံ ကို ဘယ်လို သတ်မှတ်ထားပါသလဲ?
ဖြေဆိုသူဓာတ်ပုံ (Image File) JPEG or PNG အမျိုးအစားပြင်ဆင်ထားရမည်။ (၃) လ အတွင်းရိုက်ကူးသော လိုင်စင်ပုံ(3cm x 4cm) ဖြစ်ရမည်။
**လိုင်စင်ဓာတ်ပုံ မဟုတ်ပါက လုံးဝ လက်မခံပါ။
အထက်ဖော်ပြပါ ပုံအတိုင်း ထည့်ပေးရပါမည်။
Photo ထည့်သွင်းပေးရာတွင် ဝါးနေခြင်း၊ ဘေးတစောင်းဖြစ်နေခြင်း ၊ ပုံဆိုဒ်သေးလွန်းခြင်း ၊ ဖုန်းဖြင့်ပြန်လည်ရိုက်ကူးခြင်း၊ Selfie ပုံ၊ နောက်ခံ ရှူ့ခင်း၊ တခြားလူ၊ အရာဝတ္ထုနှင့် အရောင်များ ပါခြင်းတို့ လုံးဝ လက်မခံပါ။

ဘယ်လို သက်သေခံကတ်ပြားဓာတ်ပုံကို သတ်မှတ်ထားပါသလဲ?
လျှောက်ထားသူ၏ သက်သေခံကတ်ပြား၏ Image File (JPEG or PNG) ။
(၁၀)နှစ်နှင့် (၁၀)နှစ်အထက်များ လျှောက်ထားသူများအတွက် အောက်ဖော်ပြပါ သက်သေခံကတ်အမျိုးအစား(၃)မျိုး အတိုင်းသာ လက်ခံပါသည်။
(၁၀)နှစ်အောက် လျှောက်ထားသူများအနေဖြင့် မွေးစာရင်းဖြင့်သာ လက်ခံပါသည်။
** ကြည်လင်ထင်ရှားသောပုံကိုသာ ထည့်သွင်းပေးရပါမည်။
ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များအတွက် အောက်ဖော်ပြပါ သာသနာဝင်စိစစ်ရေးကတ်ပြားနှင့် သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားများဖြင့်သာ လက်ခံပါသည်။
အောက်ဖော်ပြပါအတိုင်း သက်သေခံကတ်ပုံအား ထည့်သွင်းပါက လက်မခံပါ။

လက်မှတ်ကို ဘယ်လိုသတ်မှတ်ထားပါသလဲ?
အောက်ဖော်ပြပါ ပုံအတိုင်း ထည့်သွင်းပါ။
အောက်ဖော်ပြပါ လက်မှတ်ပုံများ လက်မခံပါ။
အောက်ဖော်ပြပါ လက်မှတ်ပုံများ လက်မခံပါ။
ငွေပေးချေဖို့ ဘယ်လို လုပ်ဆောင်ရပါမလဲ?
ငွေပေးချေရန် အတွက် အောက်ပါငွေပေးချေမှုနည်းလမ်း တစ်ခုခုရှိရမည်။
- eCommerce Registered ပြုလုပ် ထားသော MPU Card
- KBZ Pay QR
- KBZ Pay app (Mobile Phone Only)
login ဝင်၍မရခဲ့လျှင်?
ထည့်သွင်းခဲ့သော Login အမည်(သို့) password မှားယွင်းနိုင်ခြေရှိပါသည်။
ID အားမေ့သွားခဲ့လျှင်?
မိမိတို့၏ Login ID အား မှတ်သားထားခြင်း မရှိပါက Online Application Website တွင်၊ "Login" > "Forget Password & Login ID" သို့ ဝင်ရောက်ပြီး၊ မိမိ JLPT အကောင့် တွင် ထည့်သွင်းထားသည့် Email Address အားထည့်သွင်းကာ "Show Login ID" ကို နှိပ်ပြီး Login ID ကို ရယူနိုင်ပါသည်။
**ထည့်သွင်းထာသော E-mail နှင့် မကိုက်ညီပါက လော့ဂ်အင် ID ကို ပြန်လည်ထုတ် ပေးမည်မဟုတ်ပါ။
**ထည့်သွင်းထာသော E-mail နှင့် မကိုက်ညီပါက လော့ဂ်အင် ID ကို ပြန်လည်ထုတ် ပေးမည်မဟုတ်ပါ။
ID ၏ password အားမေ့သွားခဲ့လျှင်?
လျှောက်ထားသူ အချက်အလက် အမှားပြင်ဆင်လိုပါက ဘယ်လို ပြင်ဆင်ရမလဲ?
အမှားပြင်ဆင်လိုပါက ဒေတာပြန်လည်ပြင်ဆင်နိုင်မည့်ကာလ အတွင်း ပြင်ဆင်ခွင့်စတင်လက်ခံပါမည်။
JLPT Online Form လျှောက်လွှာ ဘယ်လိုတင်ရမလဲ?
JLPT Online Form လျှောက်လွှာတင်ခြင်း အသေးစိတ် အချက်များအား အသုံးပြုသူလက်စွဲ စာမျက်နှာ(၃၁) တွင်ဝင်ရောက်ဖတ်ရှုပေးပါ။
ငွေပေးချေမှုလမ်းကြောင်း ဘယ်လောက်ရှိသလဲ?
ငွေပေးချေမှုလမ်းကြောင်း၃ခုဖြင့် စာမေးပွဲကြေးကို ပေးဆောင်နိုင်ပါသည်။
(၁) Local Card (eCommerce Registered ပြုလုပ် ထားသော MPU Card)
(၂) Pay With KBZ
(a)KBZ Pay Qr
(b)KBZ Pay App(Mobile Phone Only)
ဘယ်လို ငွေပေးချေရမလဲ?
ငွေပေးချေမှု လုပ်ငန်းစဉ် အတွင်း ဘာတွေသတိပြုရမလဲ?
(၁) ငွေပေးချေမှု လုပ်ငန်းစဉ် အတွင်း Web Site အား Back ပြုလုပ်ခြင်း ၊ Refresh ပြုလုပ်ခြင်းများ မပြုလုပ်ပါရန်။
(၂) Local Card, QR Pay အမျိုးအစားကို အသုံးပြုပြီး အကြောင်း အမျိုးမျိုးကြောင့် ငွေပေးချေမှု မအောင်မြင်ပါက ကြိုတင်မှာယူမှုသည် ၁နာရီအတွင်း အလိုအလျောက် ပယ်ဖျက်သွားမည်။
(၃) QR Code ကို ၁၀ မိနစ်အတွင်းအသုံးပြုပါ။ ၁၀ မိနစ်ထက်ကျော်လွန်ပါက သက်တမ်းကုန်ဆုံးပါမည်။
ငွေပေးချေမှု အောင်မြင်မှု ရှိမရှိ ဘယ်လိုသိနိုင်မလဲ?
လျှောက်လွှာဖောင် အခြေအနေကို ဘယ်လိုကြည့်ရမလဲ?
စာမေးပွဲဖြေဆိုခွင့် ဘောက်ချာ ဘယ်လိုထုတ်ယူရမလဲ?
စာမေးပွဲဖြေဆိုခွင့် ဘောက်ချာ ထုတ်ယူခွင့် ကာလအတွင်း အသုံးပြုသူမှ "PDF အားလုံးယူရန်" ခလုတ်ကိုနှိပ် ၍ စာမေးပွဲဖြေဆိုခွင့် ဘောက်ချာ သည် အလိုအလျောက် ဒေါင်းလုဒ်လုပ်ပါမည်။
ခုံနံပါတ်နှင့်ဖြေဆိုရမည့်နေရာ ကိုဘယ်လိုဖော်ပြထားသလဲ?
စာမေးပွဲအခန်းတွင်း ဘာတွေယူဆောင်လို့ရသလဲ?
- စာမေးပွဲဖြေဆိုခွင့်Test Voucher ၊ ရိုးရိုးခဲတံ 2B, HP
(ဘောပင်၊ ခဲသားဘောပင် လုံးဝအသုံးပြုခွင့်/ယူဆောင်လာခွင့်မရှိပါ)၊
- ခဲဖျက်၊ ချွန်စက်၊ ID card (လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသော မှတ်ပုံတင်၊ ကားမောင်းလိုင်စင်၊ Passport စသည်) နှင့် အခြားလိုအပ်သည်များအား ဖိုင်အိတ်အကြည် များဖြင့်သာ ထည့်သွင်းယူဆောင်လာရန်။
စာမေးပွဲမှာယူဆောင်ခွင့်မရှိသည့် ပစ္စည်းများ
- ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် တခြားတန်ဖိုးရှိပစ္စည်းများအား ယူဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာဖြေဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးမည် မဟုတ်ပါ။
- တယ်လီဖုန်းယူဆောင်လာခြင်းမပြုရန် တိုက်တွန်းပါသည်။ မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက နှိုးစက် (Alarm) Setting များအား ပိတ်၍ ဖုန်းအား Power Off လုပ်ထားရမည်ဖြစ်ပါသည်။ Vibration Mode, Silent Mode, Airplane Mode များ ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ။ စာဖြေခန်းအတွင်းတွင် ဖုန်းအား Power Off ပြုလုပ်ပြီး၊ ပလတ်စတစ်အိတ်အတွင်းသို့ ထည့်သွင်းကာ စားပွဲခုံအောက်စသည့် လက်လှမ်းမမှီသည့်နေရာတွင် ထားရှိရပါမည်။
- စာမေးပွဲဖြေဆိုနေချိန်တွင် တယ်လီဖုန်း အသုံးပြုခြင်း၊ အသံမြည်ခြင်း၊ အသံဖမ်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်းများအား တားမြစ်ထားပြီး၊ ကျူးလွန်ပါက မသမာသူ (Missed Conduct) အဖြစ်သတ်မှတ်ပြီး အောင်စာရင်းထွက်ရှိမည်မဟုတ်ပါ။
စာမေးပွဲ ဖြေဆိုရန်ကြာမြင့်ချိန် ဘယ်လောက်လဲ?
အောက်ပါလင့်အား ဝင်ရောက်ကြည့်ရှုပေးပါ။
စာမေးပွဲအောင်စာရင်းအား ဘယ်လိုသိနိုင်မလဲ?
အောက်ပါလင့်အား ဝင်ရောက်ကြည့်ရှုပေးပါ။
Online Result Password ကိုဘယ်လိုပြန်ရှာကြည့်မလဲ?

အမှတ်ပေး စည်းမျဉ်းအား ဘယ်လိုသိရှိနိုင်မလဲ?
အောက်ပါလင့်အား ဝင်ရောက်ကြည့်ရှုပေးပါ။