JLPT 2024 December စာမေးပွဲနှင့်ပတ်သက်၍ ကြေငြာချက်

၂၅/၀၇/၂၀၂၄

၂၀၂၄ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဒီဇင်ဘာလ (၁) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ  လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။ 

၁။ စာမေးပွဲကျင်းပမည့်ရက်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ (တနင်္ဂနွေနေ့)


၂။ စာမေးပွဲကျင်းပမည့်နေရာ

ရန်ကုန်မြို့နှင့် မန္တလေးမြို့။


၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)

Level N1 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)

Level N2 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)

Level N3 - ၄၇,၀၀၀ + ၃,၀၀၀ = (၅၀,၀၀၀ ကျပ်)

Level N4 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)

Level N5 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)


Online System ဖြင့် လက်ခံခြင်း (ရန်ကုန်နှင့်မန္တလေး)

၁။ Online လျှောက်လွှာလက်ခံကာလ

Level N1 - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၂၆.၈.၂၀၂၄ (တနင်္လာနေ့)

Level N2 - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၂၆.၈.၂၀၂၄ (တနင်္လာနေ့)

Level N3 - ၁၆.၈.၂၀၂၄ (သောကြာနေ့)၊ ၁၉.၈.၂၀၂၄ (တနင်္လာနေ့)၊ ၂၇.၈.၂၀၂၄ (အင်္ဂါနေ့)

Level N4 - ၂၀.၈.၂၀၂၄ (အင်္ဂါနေ့)၊ ၂၁.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၂၈.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)

Level N5 - ၂၂.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၂၃.၈.၂၀၂၄ (သောကြာနေ့)

၂။ Online လျှောက်လွှာလက်ခံမည့် အချိန်

System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံသည့်ရက်အတွင်း နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)

သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်း

၁။ ကြိုတင်စာရင်းပေးသွင်းခြင်း။

Google form မှ တဆင့် (၂.၈.၂၀၂၄ မှ ၅.၈.၂၀၂၄) ရက်နေ့အတွင်း ကြိုတင်စာရင်းပေးသွင်းရပါမည်။ ရန်ကုန်သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၁၀၀) စောင်နှုန်း ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး မန္တလေးသင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာ အစောင်ရေအများဆုံး (၅၀) စောင်နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။ 

(လိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်း ဟုသတ်မှတ်ပါသည်။ ပိုင်ရှင်တဦးတည်းမှ လိုင်စင်အခွဲများ အကြုံးမဝင်ပါ။ Google form တင်ခြင်း နှင့် လာရောက်ဝယ်ယူရာတွင် ပိုင်ရှင်အမည်နှင့် သတ်တမ်းကုန်ဆုံးရက်ပါသော စာမျက်နှာအား ထည့်သွင်း/ ယူဆောင် လာရပါမည်။ ကုမ္ပဏီ လိုင်စင်များဖြစ်ပါကလဲ သက်တမ်းကုန်ဆုံးရက်နှင့် ပိုင်ရှင်အမည်ပါသော စာမျက်နှာ ဖြစ်ရပါမည်။ အချက်အလက် စုံလင်စွာမပါသော လိုင်စင်များနှင့် သက်တမ်းကုန်နေသည့် လိုင်စင်များအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)

၂။ လျှောက်လွှာအရောင်းကာလ 

ရန်ကုန်စာဖြေဌာန - ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)၊ ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့) 

မန္တလေးစာဖြေဌာန - ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)

၃။ လျှောက်လွှာလက်ခံကာလ 

ရန်ကုန်စာဖြေဌာန - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)၊ ၁၆.၈.၂၀၂၄ (သောကြာနေ့)၊

     ၁၇.၈.၂၀၂၄ (စနေနေ့)၊  ၁၉.၈.၂၀၂၄ (တနင်္လာနေ့)၊ ၂၀.၈.၂၀၂၄ (အင်္ဂါနေ့)

မန္တလေးစာဖြေဌာန - ၁၄.၈.၂၀၂၄ (ဗုဒ္ဓဟူးနေ့)၊ ၁၅.၈.၂၀၂၄ (ကြာသပတေးနေ့)

    

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်း

၁။ လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ

Level အားလုံးအတွက်- ၁၂.၈.၂.၂၀၂၄ (တနင်္လာနေ့)၊ ၁၃.၈.၂၀၂၄ (အင်္ဂါနေ့)   

Online System ဖြင့် လက်ခံခြင်း၊ သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်းနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်၊ (၁၀) နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်းစသည့် တစ်မျိုးစီအတွက် သီးသန့် အသေးစိတ်ရှင်းလင်းချက်များအား ထပ်မံ ကြေငြာသွားမည် ဖြစ်ပါသည်။


JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဆက်သွယ်ရန် - 01- 757 10 15 (Ext: 1)