၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ စာမေးပွဲအတွက် မှတ်ပုံတင်လျှောက်ထားခြင်းကာလ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ (တစ်ဦးချင်း)

၂၁/၀၈/၂၀၂၆

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် တစ်ဦးချင်းအနေဖြင့် Online System မှ လျှောက်ထားမည့် စာဖြေသူများ၏ မှတ်ပုံတင် လျှောက်ထားခြင်းကာလအား ၁.၈.၂၀၂၆ ရက်နေ့ မနက် (၉)နာရီ မှ ၇.၈.၂၀၂၆ ရက်နေ့ ညနေ (၄း၃၀)နာရီ အထိ ပိတ်ရက်မရှိ လက်ခံခဲ့ပြီးဖြစ်ပါသည်။

 

ယခုအချိန်တွင် အဆိုပါကာလအား အကြောင်းအမျိုးမျိုးကြောင့် အချိန်မှီ လျှောက်ထားခြင်းမပြုနိုင်ခဲ့သော စာမေးပွဲဖြေဆိုလိုသူများအား အလေးထားသောအနေဖြင့် မှတ်ပုံတင်လျှောက်ထားခြင်းကာလအား အောက်ပါအတိုင်း တိုးမြှင့်လက်ခံသွားမည် ဖြစ်ပါကြောင်းအသိပေးကြေငြာအပ်ပါသည်။

 

တိုးမြှင့်လက်ခံသွားမည့်ရက် နှင့် အချိန်

၂၁.၈.၂၀၂၆ ရက်နေ့ မနက် (၁၀:၃၀)နာရီ မှ ၂၅.၈.၂၀၂၆ ရက်နေ့ ညနေ (၄း၃၀)နာရီ အထိ (ပိတ်ရက်မရှိ)

 

အဆိုပါတိုးမြှင့်ထားသော ကာလတွင် မှတ်ပုံတင်လျှောက်ထားခြင်းမရှိပါက ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအား ဖြေဆိုရန်လျှောက်ထားခွင့်ရှိမည် မဟုတ်ကြောင်း အထူးသတိပြုပါရန်နှင့် ​နောက်ဆုံးရက်တွင် ​အချိန်ကပ် မှတ်ပုံတင်ခြင်း​ကြောင့် စာရင်းမဝင်နိုင်မှု ရှိနိုင်ပါသဖြင့် ကြိုတင်​လျှောက်ထားရန် တိုက်တွန်း အပ်ပါသည်။

 

မူလကြေငြာထားသောRegistration (မှတ်ပုံတင်ခြင်း) နှင့်ပတ်သတ်၍ အသေးစိတ်အားအောက်ဖော်ပြပါ Linkတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

https://www.facebook.com/share/p/1Bsx4at49g/

 

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)